မြို့သစ် ဒီဇင်ဘာ ၂၆
မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီသီးနှံအဖြစ် ဂွေးပင်များစိုက်ပျိုးလျက်ရှိရာ ဂွေးပင်များ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။
ဂွေးပင်ကို တစ်ပင်နှင့် တစ်ပင် ၅ ပေခြား စိုက်ပျိုးကာ မြေအောက်ရေသွင်းရန် မြေပေါင်များပြုလုပ်ပေးရပြီး အပင်များငယ်ချိန်တွင် တစ်လတစ်ခါ မြေဩဇာသင့်တင့်ရုံ ကျွေးပေးရကြောင်း၊ လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းချချိန်တွင် ရက်ခြားခူး၍ ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် (၁၀)လုံး ၃၀၀ ကျပ်ဖြင့် ရောင်းချရသည့်အတွက် နေ့စဉ်အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ ဂွေးပင်စိုက်ပျိုးသူ ဦးလှမြင့်ကြည်ထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)