မြို့သစ် ၁၂ မေ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု နတ်ရွာကျေးရွာတွင် နေထိုင်သူ ဦးပြေအေး အသက် (၆၈)နှစ်သည် ယမန်နေ့ ညနေ ၅ နာရီခွဲက လေပြင်းတိုက်၍ မိုးများ သည်းထန်စွာရွာသွန်းချိန်တွင် ၎င်း၏နေအိမ်အတွင်း ရေမဝင်စေရန် ရေမြောင်းတူးဖော်ရာမှ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဦးပြေအေး၏အနီး (၅)ပေ အကွာတွင် ရှိနေသော ၎င်း၏ဇနီးဖြစ်သူ ဒေါ်ထွေးမှာလည်း ညာလက်ပြင်အောက်ပေါက်ပြဲဒဏ်ရာနှင့် ညာခြေထောက် ဖူးရောင်ဒဏ်ရာများ ရရှိ၍ မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ထွေး (ပြန်/ ဆက်)