မကွေး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် အမြဲတမ်းပျိုးဥယျာဉ်၌ ပျိုးပင်များကို ၂၀၂၀ -၂၀၂၁ လျာထားချက်အတိုင်း ပျိုးထောင်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
အမြဲတမ်းပျိုးဥယျာဉ်၌ မဲဇလီ၊ တမာ၊ ကုက္ကိုလ်၊ စိန်ပန်း၊ ရှားပင်၊ ယူကလစ်၊ ကျွန်း စသည့် အရိပ်ရပျိုးပင် များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးထားရှိပြီး ယူကလစ်နှင့် ရှားပင် ၅၀၀၀ ကိုလည်း ထိန်းသိမ်း စိုက်ပျိုးလျက်ရှိသည်။
ကိုဇော်(ပြန်/ဆက်)