မြို့သစ်မြို့နယ်၌ သင်္ဘောသီးစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ၍ အဆင်ပြေ

မြို့သစ် ဒီဇင်ဘာ ၂၃

 

မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သင်္ဘောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

သင်္ဘောပင်ကို တစ်ပင်နှင့် တစ်ပင် ၅ ပေခြား စိုက်ပျိုးကာ ရေအဝင်/အထွက်လွယ်ကူစေရန် မြေပေါင်များ ပြုလုပ်ပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်ခြေများတွင် မြေဩဇာသင့်တင့်ရုံ ကျွေးပေးရကြောင်း၊ လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းချချိန် ရက်ခြားခူး၍ရောင်းချရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ အထိ ရောင်းချရသည့်အတွက် နေ့စဉ်အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မြို့သစ်မြို့နယ်ရှိ သင်္ဘောပင်စိုက်ပျိုးသူ ဦးလှမြင့်ကြည်၏ ပြောပြချက်အရ သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)