မြို့သစ်             စက်တင်ဘာ                 ၂၇

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာကြောင်း  မြို့နယ်ဆည်

မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

စွန်ဆည်ရေလှောင်တမံသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ဒသမ ပေခန့် ရေကျော်ကျမှုရှိရာမှ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ၁ ဒသမ ပေခန့်သာ ရှိသည့်အတွက် သုည ဒသ ခြောက်ပေခန့် လျော့နည်းကျဆင်းပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ဒသမ ပေခန့် ရေကျော်ကျရာမှ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဒသမ ပေခန့်သာ ရှိသည့်အတွက် သုည ဒသမ ရှစ်ပေခန့် လျော့နည်းကျဆင်းလာကြောင်း သိရသည်။

 

ဆဒ္ဒန်ဆည်နှင့်စွန်ဆည်၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်ပြီး ၂၄ နာရီရေကင်းတာဝန်ချထားကာ အနီးဝန်းကျင်ရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်၏ ပြောပြချက်အရ သိရသည်။

 

ဝင်းအိဇွန်(ပြန်/ဆက်)