မြို့သစ်  ၁   ဧပြီ

မကွေးခရိုင်၊မြို့သစ်မြို့နယ်ရှိ   မြို့နယ်အဆင့်ကျန်းမာရေးစင်တာအတွက် အလှူငွေပေးအပ်ခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

 

2

 

ထိုသို့အလှူငွေများပေးအပ်လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်းက အလှူငွေသိန်းသုံးသိန်းခွဲအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးအား ပေးအပ်လှူဒါန်းခဲ့သည်။
        
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်း၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်စေတနာရှင် ပရဟိတလူငယ်များပူးပေါင်း၍ မြို့သစ်မြို့နယ် မကြီးချိုကျေးရွာသို့ သွားရောက်ကာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ၏ နေရာထိုင်ခင်းများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ပြီး ပြည်တော်ပြန်များကိုလည်းသွားလာမှုများကို တာဝန်ရှိသူများ၏ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်သွားစေရန် မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(မြို့သစ်)