မြို့သစ် နိုဝင်ဘာ ၂

မကွေးခရိုင်    မြို့သစ်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊  အောက်တိုဘာလမှ  မတ်လ အထိ (၆)လဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို  ယမန်နေ့ မွန်းလွဲ( ၃) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့သစ်မြို့နယ်အထွေ အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်ဝင်းထက်က အမှာစကားပြောကြားရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊   အောက်တိုဘာလမှ မတ်လအထိ (၆)လဒေသန္တရ စီမံကိန်းရည်မှန်း ချက်များကို   သက်ဆိုင်ရာဌာနဆိုင်ရာများ အ‌နေဖြင့်  အရည်အသွေးပြည့်မှီပြီး  စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး     မြို့နယ် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သော်သော်လှိုင် က ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ အောက်တိုဘာ လမှ မတ်လအထိ(၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရာ မြို့သစ်မြို့နယ်၏  ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ(၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက်တာဝန်များ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနဆိုင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)