မြို့သစ်၊ ၂၆ မေ

မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစတင်၍ မြို့နယ်ရုံးနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပန်းခင်းစီမံချက်အရ ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း အမှန်တကယ်နေထိုင်ခြင်း၊ မှတ်ပုံတင်ကတ်မရှိခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး လူဦးရေစာရင်း မရှိသူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့သစ်မြို့နယ်အတွင်း အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် ပေကုန်းအုပ်စု ပေကုန်းကျေးရွာ၊ ရုံးတိုင်မြှောင်ကျေးရွာ၊ သပွတ်ကုန်းကျေးရွာများရှိ မှတ်ပုံတင်ကတ် မပြုလုပ်ရသေးသူများကို မေ ၂၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးပြီး အခြားကျန်ရှိသည့် ကျေးရွာများကိုလည်း အဖွဲ့ခွဲကာ ကျေးရွာအရောက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။

ကိုဇော် (ပြန်/ဆက်)

mdn