မြို့သစ် ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားချိန်တွင် နိုင်ငံတော်မှ ထပ်ဆောင်းထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းထောက်ပံ့ငွေများက မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၇)ဦးအတွက် လူမှုရေးပင်စင် ဧပြီ၊ မေ၊ ဇွန် သုံးလစာ ကျပ်(၃၀ဝ၀ဝ) နှင့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားစဉ်အတွင်း ထပ်ဆောင်းထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ တစ်ဦးလျှင် ကျပ် ၆၀ဝ၀ဝ နှုန်းဖြင့် ဘိုးဘွား (၁၆)ဦးအတွက် ကျပ်(၉၆၀ဝ၀ဝ)နှင့်သေဆုံးသူအဘွားတစ်ဦးအတွက် လူမှုရေးပင်စင် ကျပ် (၃၀ဝ၀ဝ) စုစုပေါင်း (၉၉၀ဝ၀ဝ)ကျပ်တိတိကို နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဘုရားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း၊ ရာအိမ်မှူး ဦးအောင်ကျော်ဦးနှင့်ရပ်ကွက် တာဝန်ခံစာရေး ဒေါ်ခင်သူဇာထွန်းတို့က ဘိုးဘွားများထံသို့ အိမ်တိုင်ယာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ထွေး (ပြန်/ ဆက်)


