မြို့သစ် နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းရှိ ဆောင်းနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
ဆောင်းနှမ်းစိုက်ပျိုးရန် တောင်သူများသည် မိုးဦးမိုးလယ်တွင် ထွန်ရေးညက်အောင်ထွန်ထားပြီး ပေါင်းမြက်များ ပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်းဦးနှမ်း ကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များ ကင်းရှင်းပြီး နှမ်းပင်များကောင်းလာနိုင်မှာဖြစ်ကြောင်း၊ နှစ်စဉ် စက်တင်ဘာလအတွင်း မိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက် စိုက်ပျိုးထားကာ အောက်တိုဘာလလောက်တွင် အပင်များဖြစ်ထွန်းအောင်မြင်ကြောင်း နှမ်းစိုက်ပျိုးတောင်သူ များက ရှင်းပြသည်။
မိုးနှောင်းနှမ်းခေါ် ဆောင်းနှမ်းသည် မိုးဦးကျတွင် စိုက်ပျိုးကြဲပက်သည့် နှမ်းကြီးပင်ဖြစ်ကာ မြို့သစ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ပြီး နှမ်းများအောင်မြင်ဖြစ်ထွန်းနေပြီး ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)