မြို့သစ်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

မြို့သစ် အောက်တိုဘာ ၁၃

 

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲစာရင်းများမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို အောက်တိုဘာ ၈ ရက်ကစ၍ မြို့သစ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ်ဌာနဆိုင်ရာရုံးများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်း၍ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ကွန်ပျုတာကျွမ်းကျင် ဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးများမှ မြို့သစ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေး၍ နိုင်ငံသား စစ်ဆေးရေး ကတ်ပြားအမှတ် ကျန်ရှိမှု ရှိ/မရှိ၊ မွေးသက္ကရာဇ်၊ မိဘအမည် အစရှိသောစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။

 

ဆက်လက်၍ မြေပြင်ရှိစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သော မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဝန်ထမ်းများက  အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် တိုက်ဆိုင်စစ်ဆေးပြီး မှားယွင်းမှုမရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဇော်(ပြန်/ဆက်)

 

mdn