မြို့သစ် ၂၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံး ပစ္စည်းများကို တာဝန်ရှိသူများမှ ယနေ့ နံနက်(၉)နာရီက စတင်ထုတ်ပေးနေကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများဖြစ်သည့် ဆန္ဒမဲပုံး၊ ဆန္ဒပြုခန်းနှင့်မဲရုံအတွက်လိုအပ်တဲ့ပစ္စည်းများကို ယနေ့ကစပြီး နယ်မြေအလိုက် ထုတ်ပေးခြင်းဖြစ်သည်။
မြို့သစ်မြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၅၂) အုပ်စု၌ မဲရုံပေါင်း(၁၆၉)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁၃၄၄၅၇)ဦးရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


