မြို့သစ် ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရေပြင်အသက်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့နံနက်က လေ့ကျင့်သရုပ်ပြသခဲ့သည်။

 

ထိုသို့သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ လိုက်ပါကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြစ်ရေကြီးမှုဖြစ်ပွားချိန်နှင့် ရေကျပြီးအချိန် ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်များကို မြို့နယ်အတွင်း လိုက်လံကြေညာခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးဆောင်၍ အသက်ကယ် ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူအား ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါသရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား လိုက်လံအသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

သန်းဝင်းထွန်း (ပြန်/ဆက်)