မြို့သစ်မြို့နယ်တွင် ယခုနှစ်မိုးများသဖြင့် အထွက်နှုန်း နည်းပါးနိုင်သော်လည်း တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်သည့် နှမ်းနက်(စမုံနက်)နှမ်းများ စိုက်ပျိုးသူများလာ

မြို့သစ်   နိုဝင်ဘာ   ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယခုနှစ်မိုးများသောကြောင့် အထွက်နှုန်းနည်းပါးနိုင်သော်လည်း တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်သည့် နှမ်းနက်(စမုံနှမ်းနက်နှမ်း)များ စိုက်ပျိုးသူများလာကြောင်း သိရသည်။

ကျွန်တော်တို့ ယခုနှစ် နှမ်းနက်(စမုံနက်)နှမ်းကို စက်တင်ဘာလလဆန်းပိုင်းက စတင်စိုက်ပျိုးပါတယ်၊ ယခင်နှစ်ကတစ်တင်းကို ငွေကျပ်  ၄၀၀၀၀ကျပ်ကနေ ၄၇၀၀၀ကျပ် အထိ  ဈေးနှုန်းရှိပါတယ်၊ ယခုနှစ် မှာ မိုးရွာသွန်းမှုများပြီး နှမ်းစိုက်ခင်းများ အထွက်နှုန်း နည်းပါးနိုင်သော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငေွကျပ် ၇၀၀၀၀  ခန့်မှန်းရှိတာကြောင့် တောင်သူတွေအတွက် ဝင်ငွေပိုမိုရရှိမယ်လို့ ယုံကြည်ပါ တယ်ဟု မြို့သစ်မြို့ နှမ်းစိုက်တောင်သူ ဦးတင်အေးက ပြောသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ ဆောင်းသီးနှံနှမ်း ဧကပေါင်း (၁၄၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး  လျာထားဧက (၂၄၉၂)ဧက ပြည့်မီနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)