မိုးညို ၃ ဇန်နဝါရီ  

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ပေါက်ကုန်းအုပ်စု မိုးသီတာကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ရေနွေးအိုးတည်ရာမှ ဘေးတွင်ကာရံထားသော ဝါးထရံအား မီးစွဲကာ နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ  မိုးညို-ထိန်တောသွားကားလမ်းမဘေးရှိ မိုးသီတာကျေးရွာနေ ရဲမင်းစိုး(၂၄)နှစ်လုပ်သူ၏ (၃x၃)ပင်၊ သက္ကယ်မိုး၊ ထရံကာဝါးအိမ်ဖြစ်ပြီး ၎င်းနေအိမ်ရှိ ထင်းမီးဖိုတွင် ရေနွေးအိုးတည်ရာမှ မီးဖိုဘေးတွင် ကာရံထားသော ဝါးထရံအား မီးစွဲလောင်ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ(၃၀)ဦးခန့်မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။  

 

မီးအားပေါ့ဆစွာ အသုံးပြုသူ ရဲမင်းစိုးအား မိုးညိုမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 

ကိုမင်း(မိုးညို)