ချောင်းဆုံ    ၁၇    ဇွန်        

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာ အကွက်အမှတ်(၃) ရှိ ဦးစိုးတင် (၈၀)နှစ်၏ အုတ်ကြွတ်မိုး၊ အုတ်ကာ ပေ(၂၅×၃၀) (၁) ထပ်နေအိမ်သည် ယမန်နေ့ မွန်းလွဲ ၃  နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

 

အဆိုပါ နေအိမ်သည် နှစ်(၄၀) ခန့်သက်တမ်းရှိပြီး အသက်(၈၀)ကျော် အဘိုးအဘွား နှစ်ယောက်သာနေထိုင်ပြီး ပြိုကျချိန်တွင် အိမ်အပြင်ထွက်နေသောကြောင့် ထိခိုက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ၎င်းနေရာကို  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများမှ စနစ်တကျ ဝိုင်းဝန်း သိမ်းဆည်းပေးခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တာဝန်ရှိသူတို့မှ  ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။ 

 

MDN