သာပေါင်း ၈  ဇူလိုင် 

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ ညောင်ပင်လေးဆိပ်ကျေးရွာ၌ ဇူလိုင်လ ၃ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀ဝ၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၆၀ဝ) ၊စုစုပေါင်း ရန်ပုံငွေ (၁၁၂၆၀ဝ) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါပုံးတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက  လေဘေးသင့်ပြည်သူ နေထိုင်ရာ ကျေးရွာအရောက် လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)