သာပေါင်း ၁၅ ဇွန်
သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းကြောင့် နေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့မှုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူး ဦးသာနိုင်အောင်နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများသည် အဆိုပါ လေဘေးသင့် အိမ်ထောင်စု အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၅၀ဝ၀ဝ ၊လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေကျပ် ၄၂၀ဝ စုစုပေါင်း ရန်ပုံငွေကျပ် ၅၄၂၀ဝ အား လေဘေးသင့်ပြည်သူ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)


