ရီယိုဒီဂျနေယိုး ဒီဇင်ဘာ ၂၇
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည့် အတွက် ထောင်နှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ ၏ နေအိမ်များကို စွန့်ခွာခဲ့ရသည်။
ဘဟီရာပြည်နယ်ရှိ ဆည်နှစ်ခုမှာ သီတင်းပတ်အကုန်ပိုင်းတွင် ပျက်စီးခဲ့ရသည်။ မြစ်များတွင် ရေများပြည့်လျှံနေခဲ့ပြီး နောက်ထပ်ပျက်စီးမှုများ ကြုံတွေ့လာနိုင်သည့် အန္တရယ်များနှင့်လည်း ကြုံတွေ့နေရသည်။
လမ်းများတံတားများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်ကို ဗီဒီယိုရိုက်ကူးမှုတွင် တွေ့ရှိခဲ့ပြီး လူများ အသက်ကယ် လှေများပေါ်တွင် လိုက်ပါလာသည်ကိုလည်း တွေ့မြင်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း ရေကြီးမှုကြောင့် အနည်းဆုံးလူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။
ထောင်နှင့်ချီသည့်ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဖိအားပေးခံရပြီး လူပေါင်း ၄၀၀၀၀ဝ မှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရကြောင်း ဘဟီရာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
ဒေသခံတစ်ဦးကမူ ယခုလိုအဖြစ်အပျက်မျိုး တစ်ခါမျှကြုံတွေ့ခဲ့ဖူးခြင်းမရှိဟု ပြောသည်။ ရေလွှမ်း မိုးမှုကြောင့် ပျက်စီးမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည့်အတွက် အစားသောက်များ၊ အဝတ်အထည်များနှင့် အခြားသော အကူအညီများကို ပေးပို့သွားမည်ဟုလည်း ဒေသခံအာဏာပိုင်များက ပြောသည်။
အင်န်အိတ်ချ်ကေ