ဖလမ်း ၈ ဩဂုတ်
ချင်းပြည်နယ်တွင် ဩဂုတ်လ(၇)ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာ အုပ်စု ရမ်ထလိုကျေးရွာတွင် မြေသားအက်ကွဲမှု ဖြစ်ပေါ်ပြီး နေအိမ်(၃)အိမ် ယိုင်လဲနေကြောင်း သိရပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယိုင်လဲနေသည့် နေအိမ်(၃)အိမ်အနက် ဦးဘွဲ့လှယ်ထန်း၏ နေအိမ်တွင် အခြေအနေဆိုးရွားကြောင်း သိရှိရသည်။
အလားတူ ဩဂုတ် ၇ ရက် နေ့လယ် ၁ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖလမ်းမြို့နယ်၊ သီးလီကျေးရွာအုပ်စု၊ တလန်ခန့်ကျေးရွာနှင့် ကျဲရ်မွှန်ကျေးရွာအုပ်စု၊ ခေါရွာကျေးရွာကြား ဆက်သွယ်ထားသော (၁၆x၆x၅)ပေရှိ သစ်သားတံတားနှင့် သီးလီကျေးရွာအုပ်စု၊ တလန်ခန်ကျေးရွာ အဝင်လမ်းရှိ (၁၄x၅x၅)ပေရှိ ကွန်ကရစ် ရေပြွန် ရေတိုက်စားမျောပါသွားကြောင်း သိရပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
# MRTV