ပန်ဆောင် ၂၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ပန်ဆောင်- နန်းယွန်း သွားလမ်း ပန်ဆောင်- လောက်လှိုင်ကျေးရွာသွားလမ်း အချို့နေရာတွင် ယခုလ (၁၉)၊ (၂၀) ရက်နေ့တွင် မိုးသည်းထန်းစွာ ရွာသွန်းခြင်းကြောင့် လမ်းများပျက်စီးမှုကို ဒေသဦးစီးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ လမ်းကော်မတီဝင်များ စုပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်ဆောင်-နန်းယွန်းသွားလမ်း မိုင်တိုင်အမှတ် (၁၈၁)မှ (၁၉၀) ကြား ပျက်စီးနေမှုကို ဌာနဆိုင်ရာနှင့် ပြည်သူများပူးပေါင်းလျက် စက်ယန္တရားများနှင့် မြေသားပြင်ဆင်ခြင်း၊ ကျောက်စီခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းဆောင်ရွက်ပေးခဲ့မှုကြောင့် ပန်ဆောင်မြို့ အနီးရွာများမှ ကျောင်းလာနေသည့် ကျောင်းသား၊ ကျောင်းသူများ ၊ ဒေသခံပြည်သူများ သွားလာရေး ဆင်ပြေလာတော့မည် ဖြစ်ကြောင်း သိရှိရသည်။
စနေမောင်(ခန္တီး)