တီးတိန် ၇ သြဂုတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တီးတိန်-ကလေးကားလမ်း သိုင်းငင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၃၀/၂ နှင့် ၃၀/၃ အကြားတွင် ပေ ၃၀ဝ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုကို သိုင်းငင်းအခြေစိုက် လမ်းအထူးအဖွဲ့ (၁၀)မှ စက်ကြီးများဖြင့်ရှင်းထုတ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း လမ်းအထူးအဖွဲ့ တာဝန်ခံဦးစီးအရာရှိ ဦးစောအယ်ထူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)