ကျောက်ပန်းတောင်း စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုံကမ်းကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာကို ဆက်သွယ်သည့် သစ်သားတံတားသည် ချောင်းရေဖြင့်မျောပါခဲ့ပြီး စပါးဧက (၃၀)ခန့် ချောင်းရေတိုက်စားပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ချောင်းရေကျဆင်းသွားပြီဖြစ်၍ မော်တော်ယာဉ်များမှ အပ၊ လူနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့က ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ ပျက်စီးစပါးခင်းများ အခြေအနေနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစိစစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပေးကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)