ဗန်းမော် ၁၅ သြဂုတ်
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် ကားလမ်းပိုင်းဖြစ်သော မိုင်တိုင်အမှတ် (၄၁) နှင့်နေရာအချို့များ၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်း၌ ကားလမ်းမပေါ်သို့ မြေများပြိုကျပြီး လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ မော်တော်ယာဉ်ကြီးနှင့်ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ခေတ္တရပ်နားထားရကြောင်း သိရသည်။
အဆိုပါ လမ်းများပိတ်ဆို့နေမှုကြောင့် မော်တော်ယာဉ်များ အမြန်ဆုံးသွားလာနိုင်ရေးအတွက် မိုးမောက်မြို့နယ် လမ်းဦးစီးဌာနနှင့် လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သျှမ်းကလေး(ဗန်းမော်)


