သာယာဝတီ ၁၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ချောင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမူကြောင့် စက်တင်ဘာ ၁၁ ရက် မနက် ၁ နာရီက ချောင်းရေများမြင့်တက်လာရာ သုံးဆယ်ချောင်းနံဘေးရှိ ရပ်ကွက် ၇ ရပ်ကွက်ဖြစ်သော အရှေ့သပြေကုန်းရပ်ကွက်၊ အနောက်သပြေကုန်းရပ်ကွက်၊ သခွတ်ကုန်းရပ်ကွက်၊ အရှေ့လက်ပံခုန်ရပ်ကွက်၊ အနောက်လက်ပံခုန်ရပ်ကွက်၊ ဈေးရပ်ကွက်၊ ပေပင်ကုန်းရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အရှေ့သပြေကုန်းရပ်ကွက် အနောက်သပြေကုန်းရပ်ကွက်နှင့် သခွတ်ကုန်းရပ်ကွက်များရှိ အနိမ့်ပိုင်း လူနေအိမ်များသို့ ချောင်းရေ ၄ ပေခန့် မြင့်တက်လာသဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သုံးဆယ်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ သုံးဆယ်မြို့ ဂရုဏာရှင် လူမူကူညီရေးအသင်းတို့မှ အရှေ့လက်ပံခုန်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၇) စု အနောက်သပြေကုန်းရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၂၃) စု သခွတ်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၉) စု စုစုပေါင်းအိမ်ထောင်စု (၃၉) အုပ်စုမှ ကျား(၆၇)ဦး မ (၆၃) ဦးတို့အား နီးစပ်ရာဆွေမျိုးများထံ ယာယီရွေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)


