ကော့သောင်း ၂၀ ဇူလိုင် 


မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် ယမန်နေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းက ကော့သောင်းမြို့၊  ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းဘေး တောင်စောင်းများပေါ်မှ မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှ စတင်ကာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းဘေး အမြင့်ပေ (၁၅၀)ခန့် တောင်စောင်းများပေါ်မှ မြေသားထုများ ပြိုကျမှုဖြစ်ပွား၍ တောင်ခြေရှိ အများပြည်သူသုံး ရေတွင်းတစ်ခု၏ အမိုးပေါ်သို့ပိမိကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားစဉ် ရေတွင်း၌ လာရောက်အသုံးပြုနေသူ မရှိသဖြင့် ထိခိုက်ဒဏ်ရာရသူများမရှိကြောင်း သိရသည်။

 

e 674784


ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်တာဝန်ရှိ အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲ့မှု အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်ပြည်သူများ စုပေါင်းဖယ်ရှားရှင်းလင်း ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ကျော်စိုး (ကော့သောင်း)

 

676362