ထီးလင်း ၁ စက်တင်ဘာ    
    
တောင်ကျရေများ ကျဆင်းလာသဖြင့် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ ရွာအဝင်လမ်း စက်တင်ဘာ ၁ ရက် နံနက်စောစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ၅ပေခန့် ပြိုကျပျက်စီးခဲ့သည်။

ထိုသို့ ပျက်စီးသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြီးနှင့် ကျေးရွာနေ ပြည်သူများ စုပေါင်း၍ သစ်လုံးများ ခင်းကာ ပျဉ်ချပ်များ အသုံးပြုပြီး ယာယီတံတား တည်ဆောက်သဖြင့် မော်တော်ဆိုင်ကယ်များနှင့် ပြည်သူများ သွားလာဖြတ်သန်းနိုင်ပြီဖြစ်သည်။

အဆိုပါလမ်းမှာ ကျေးလက်လမ်းဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၇ သန်း ဖြင့် ဝါးဘိုးချောင်ရွာ - ပ ဆ င လမ်း၊ မြေသားလမ်း အရှည်(၁)မိုင် ဖောက်လုပ်ခဲ့သည့်လမ်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN