ဖရူဆို ၆ စက်တင်ဘာ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းအား ယနေ့နံနက် (၇:၃၀)အချိန်က ဒေါဆော်ရှေ့ ဘုန်းတော်ကြီးကျောင်း(ကျောင်းဝန်းအတွင်း) ဆောရွက်ခဲ့ကြောင်း သိရသည်။
မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းကို အပတ်စဉ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေါဆော်ရှေ့ ဘုန်းတော်ကြီးကျောင်း(ကျောင်းဝန်းအတွင်း) စုပေါင်းသန့်ရှင်းရေးကို နံနက် ၉ နာရီအချိန်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၇၅ ဦးခန့် လုပ်အားပေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


