အောက်တိုဘာ ၂
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ယမန်နေ့က ကျောင်းခရီးစဉ်တစ်ခုအတွက် ကျောင်းသားများနှင့် ဆရာများအပါအဝင် ခရီးသည် ၄၄ ဦးလိုက်ပါလာသော ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အကြီးတန်းတာဝန်ရှိသူများက ပြောကြားသည်။ ဘတ်စ်ကားမီးလောင်မှုကြောင့် ၂၅ ဦး သေဆုံးပြီး အခြားလူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဘတ်စ်ကားပေါ်တွင် Uthai Thani ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၃၈ ဦးနှင့် ဆရာ ခြောက်ဦးလိုက်ပါလာသည်ဟု သိရသည်။
ထိုဘတ်စ်ကားသည် မွန်းလွဲပိုင်းတွင် မီးထလောင်ခဲ့ကြောင်းနှင့် ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆူရီယာက ပြောကြားသည်။
ဝန်ကြီးချုပ် ပေတုန်တန်က ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏မိသားစုဝင်များအား ထပ်တူဝမ်းနည်းပူဆွေးကြောင်း ပြောကြားကာ ၎င်းတို့၏ဆေးကုသမှုကုန်ကျစရိတ်ပေးဆောင်မည်ဖြစ်ကြောင်းနှင့် သေဆုံးသူများအား နစ်နာကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို