တောင်ငူ ၁၂ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အသိပညာမျှဝေခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီက တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်း ပန်းခြံကွေ့ရှိ မင်းကြီးညိုရုပ်ထုစုရပ်၌ စုစည်း၍ စည်းကမ်းမဲ့အမှိုက် မစွန့်ပစ်ရေး ပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်းနှင့် ကန်လမ်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအထိ စနစ်တကျ စုပေါင်းအမှိုက်ကောက်ယူ သိမ်းဆည်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်နှင့် စတေကာများဝေငှခြင်း၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရန်အတွက် သရုပ်ဖော်တင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

စုပေါင်းအမှိုက်ကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ Save The Trees (Taungoo) နှင့် ဒေသခံပြည်သူ ၇၀ဝ ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။

 

ကျော်လှ(တောင်ငူ)