ရန်ကုန်  ဒီဇင်ဘာ  ၂၇


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်ညောင်တုန်းလမ်းထောင့်ရှိ ဘုရင့်နောင် တိုးချဲ့ ပန်းခြံအတွင်းအလျား ၅၅၈ ပေ၊ အနံပေ ၆၀၊ လက်မ ထု လွှာ ကွန်ကရိခင်းရန်၊ ပလာဇာ ဧရိယာတိုးချဲ့ရန် အတွက်မြေပြုပြင် ဆောင်ရွက်နေမှုနှင့် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ဆောင်ရွက်ထားရှိသည့် အင်းဂလှိုင်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပီမိုးနင်းလမ်းနှင့် တပင်ရွှေထီးလမ်းအကြား အောက်အကျယ် ပေ၊ အပေါ်အကျယ်၁၆ ပေ၊ အမြင့် ပေရှိ ညောင်တုန်းလမ်းတစ်လျှောက်လမ်း ဘေးကွန်ကရိရေနုတ်မြောင်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများစံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)