ဗန်းမော် ၂၉ သြဂုတ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ မိုးရာသီကာလ၌ ဗန်းမော်မြို့သို့ လာရောက်ရန်ခက်ခဲသော ကျေးရွာအုပ်စုများအား ဗန်းမော်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS-One Stop Shop) များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုကို သြဂုတ် ၂၈ ရက်က ဗန်းမော်မြို့နယ် ကျွဲချိုကမ္ဘာနီကျေးရွာ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင် ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၂) ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေးကဏ္ဍများကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးမှ မိမိဌာနအလိုက် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ရာ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကျွဲချိုကမ္ဘာနီ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ပေါင်း (၂၆၈) စုရှိပြီး လူဦးစုစုပေါင်း (၁၁၅၈) ဦး နေထိုင်ကြကြောင်း သိရသည်။
သျှမ်းကလေး(ဗန်းမော်)


