ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဌ (ဒုတိယမြို့ တော်ဝန်)ဦးညီညီ နှင့် ကော်မတီဝင်များ ယနေ့ နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ပတ်လမ်း သို့ရောက်ရှိပြီး ဦးထောင်ဘို အဝိုင်းမှ ဦးအောင်မြတ်လမ်း အထိ အရှည် ပေ ၅၅၀၀ ၊အကျယ် ၂၂ပေ၊ ထု ၂ လက်မရှိ ကတ္တရာကွန်ကရိခင်းကျင်းနေမှုကိုလည်းကောင်း၊ ကန်တော်ကြီး သဘာဝယျာဉ်အတွင်း ပြည်သူများကိုယ် လက်လှုပ်ရှားအားကစားပြုလုပ်နေမှု၊ ကန်တော်ကြီး ဟိုတယ်နှင့် ငါးပြတိုက်အဟောင်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်ရန် လိုအပ်ချက် များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းဆုံ သို့သွားရောက်ပြီး အင်းလျားလမ်းအား တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျား လမ်းဆုံမှ ဧကရီဆောင်အထိ အရှည် ပေ ၁၅၀၀ ၊ အကျယ် ၄၈ ပေ၊ ထု ၂ လက်မရှိ (၄)လမ်းသွား ကတ္တရာကွန် ကရိခင်းကျင်းပြီးဖြစ်၍ လူကူးမျဉ်းကြားများ နှင့် Road Marking ယာဉ်ကြောပြမျဉ်း များဆေးရေးဆွဲနေမှုအား ကြည့်ရှုစစ် ဆေးပြီးလုပ်ငန်းဆောင်ရွက်ရာတွင် ယဉ်သွားလာမှု ပိတ်ဆို့မှုမဖြစ်စေရေး၊ တိမ်းစောင်းနေသော လမ်းဘေးဆက်သွယ်ရေးတိုင် များ ပြန်လည်တည့်မတ်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၈ နာရီတွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်း သို့သွားရောက်၍ ပြခန်အတွင်းအပြင် ပြုပြင်ထိန်းသိမ်းထားမှုနှင့် ပြပွဲအစီအစဉ်အတိုင်း ပြသမှုကို ကြည့်ရှုစစ်ဆေးပြီး ပြခန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ စတင်ဆောင်ရွက်ရန်၊ ပြခန်း အတွင်းလျှပ်စစ်မီးနှင့် လေအေးပေးစနစ်များ ပြုပြင်တပ်ဆင်ရေး၊ ပြခန်းအဆောက်အဦ ဆေးသုတ် မွမ်းမံရေးနှင့် ပြခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့ကို ဆောင်ရွက်ရန် မှာကြား ပြီးအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ နက္ခတ်တာရာပြခန်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နက္ခတ်တာရာပြခန်းပြင်ဆင်မှုများပြီးစီးပါက အပတ်စဉ် တနင်္လာ နေ့နှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက်များ (စနေ/တနင်္ဂနွေ မပါ) မှအပ နေ့စဉ် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


