မဇ္ဈိမနိကာယ် အနှစ်ချုပ်

ဒေါက်တာအရှင်သူရိယ Ph.D (Philosophy) ပြုစုရေးသားသော မဇ္ဈိမနိကာယ် အနှစ်ချုပ် စာအုပ်ထွက်ရှိလာပြီဖြစ်သည်။


မြတ်ဗုဒ္ဓဝါဒ၏  အခြေခံကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါလမ်းစဉ်နှင့် မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန်လေးပါး ပဋိစ္စသမုပ္ပာဒ်တရားတို့  တိကျမှန်ကန်ပုံ၊ ရုပ်တရား၊ နာမ်တရားတို့၏   အနှစ်မဲ့သဘော   နိဗ္ဗာန်၏သဘာဝနှင့်   နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်၊ ကိလေသာတဏှာတို့၏ ပူပြင်းနှိပ်စက်တတ်ပုံ၊ ဈာန်သမထဝိပဿနာ၏  အေးငြိမ်းပုံစသော  ဗုဒ္ဓ၏အတွေးအခေါ်၊   ဓမ္မသဘာဝများစွာတို့ကို    အကျယ်တဝင့်    ဆွေးနွေးတင်ပြ ထားသည့်အပြင် အိန္ဒိယနိုင်ငံ ဘာသာရေးသမားအသီးသီးတို့၏   အယူဝါဒနှင့်  အကျင့်အကြံများကိုလည်း သိရှိနိုင်မည်ဖြစ်၍ ဖတ်ရှုလေ့လာသင့်သော စာအုပ်ဖြစ်သည်။


ကြေးမုံစာအုပ်စင်