ကေပေါ့ပ် ကြယ်ပွင့်တစ်ဦးဖြစ်သူ ယွန်နဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ မကာအို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တာ တွေ့ရပြီး ဒီပွဲမှာ ဟောလိဝုဒ်ကြယ်ပွင့် နီကိုးလက်စ်ကေ့ခ်ျနဲ့ တွဲဖက်ကာ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကျော်ကြားတဲ့ တောင်ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့ "Girls Generation" ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ယွန်နဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာတော့ အဆိုပါ ရုပ်ရှင်ပွဲတော်က ပုံရိပ်တွေကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ် သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီပုံတွေထဲမှာ နီကိုးလ်လက်စ်ကေ့ခ်ျနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ပါဝင်နေတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ယင်းရုပ်ရှင်ပွဲတော်ရဲ့ သံတမန်တွေအဖြစ် ခန့်အပ်ခြင်း ခံထားရသူတွေ ဖြစ်ကြကြောင်းလည်း သိရပါတယ်။

အေးပြည့်