မတ် ၂၃

တရုတ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မကာအိုတွင် မတ်လ ၁၈ ရက်နေ့က လာရောက်လည်ပတ်သူဦးရေ ၉၆၀၀၀ ရှိရာ သုံးနှစ်အတွင်း နေ့စဉ်လာရောက်မှုစံချိန်တင်မြင့်မားကြောင်း မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏စာရင်းအင်းအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

နယ်စပ်ဒေသကန့်သတ်ချက်များဖြေလျှော့ပေးသဖြင့် မကာအိုဒေသတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း လာရောက်လည်ပတ်သူ သုံးသန်းနီးပါးရှိသည်ဟု သိရသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဟိုတယ်လာရောက်တည်းခိုမှုနှုန်းသည် ပျမ်းမျှအားဖြင့် ၇၄ ရာခိုင်နှုန်းရှိရာ တစ်နှစ်ထက်တစ်နှစ် ၂၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

မတ်လ ၁ ရက်မှ မတ်လ ၂၂ ရက်အတွင်း ခရီးသွားနေ့စဉ်ရောက်ရှိမှုသည် အကြမ်းဖျင်းအားဖြင့် ၆၅၀၀၀ ရှိရာ ဖေဖော်ဝါရီလက ခရီးသွားရောက်ရှိမှုနှင့် နှိုင်းယှဉ်ပါက  ၁၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာ ခရီးသွားလုပ်ငန်းသည် မတ်လတွင် ဆက်လက်အလားအလာကောင်းလျက်ရှိသည်။

ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရေးအထောက်အကူဖြစ်စေရန် ယခုနှစ်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆက်လက်အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကာအိုအစိုးရခရီးသွားလုပ်ငန်း ရုံးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို