၆ ဇန်နဝါရီ

ပီအက်စ်ဂျီရဲ့ အသင်းကြီးတစ်သင်းအဖြစ် တည်ဆောက်ရေး စီမံကိန်းမှာ မက်ဆီနဲ့ ရာမို့စ်တို့ ပါဝင် နေတယ်လို့ ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ဆိုပါတယ်။

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို  နှစ်ဦးစလုံးက လက်ခံမယ်ဆို ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ အသင်းခေါင်းဆောင်နှစ်ဦးက တစ်သင်းတည်းမှာ အတူတွဲဖက်ကစားတာကို  ပရိသတ်တွေ မြင်တွေ့ရတော့မှာပါ။

သူတို့နှစ်သင်းလုံးရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ဒီလိုထိပ်တန်းကစားသမားတွေကို  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့  အခွင့်အရေးကို ပီအက်စ်ဂျီက အရဆုပ်ကိုင်နိုင်ဖို့  ကြိုးပမ်းလာတာဖြစ်ပါတယ်။ မက်ဆီဟာ အစောပိုင်းက ဆရာဟောင်း ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးကို ရွေးချယ်ဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့   ပီအက်စ်ဂျီဆီ  ရောက်ရှိရေး နီးစပ်နေကြောင်း  ဖော်ပြကြပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သူနဲ့ မက်ဆီတို့တွဲဖက်ကစားတာကို ပရိသတ်တွေ ပြန်လည်မြင်တွေ့ရမယ်လို့  ပြောကြားခဲ့မှုအပြီး မှာတော့  မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမိုခိုင်မာစေခဲ့တာပါ။

ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာတဲ့ ပိုချက်တီနိုက လာမယ့်ရာသီအတွက် ကစားကွက်ကို ပြင်ဆင်ထားပြီး  မက်ဆီကို ဘယ်နေရာမှာထား ကစားစေမလဲဆိုတာမျိုးကိုတောင် စဉ်းစားထားပြီးဖြစ်တယ်လို့  အားကစားသတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။

ရာမို့စ်က ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးဆွေးနွေးဖို့  ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ ဟိုတယ်မှာ တွေ့ဆုံခဲ့ရာမှာ ရာမို့စ်က သူ့ကို ပီအက်စ်ဂျီက ခေါ်ယူဖို့  ချိတ်ဆက်နေတယ်လို့ ဆိုခဲ့ပေမယ့် ပီရက်ဇ်ဘက်ကတော့ ရာမို့စ်အတွက် ပီအက်စ်ဂျီရဲ့ ဘယ်ကမ်းလှမ်းမှုမှ ရရှိလာမှာ မဟုတ်ဘူးလို့  ယုံကြည်နေတယ်လို့ El Chiringuito ရဲ့ အစီအစဉ်တင်ဆက်သူ  ဂျိုးဇက်ပက်ဒရီရာရိုက ပြောပါတယ်။  

မေလဲ့သင်း