ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကိုကိုဂါ့ဖ်က   ပြိုင်ဘက် မက်ဒီဆင်ကီးကို   အနိုင်ယူကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းသည် ပြိုင်ဘက်ကီးကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၇ (၆-၈)၊ ၆-၄၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ကိုကိုဂါ့ဖ်သည် ၂၀၂၃ ယူအက်စ်အိုးပင်း ချန်ပီယံဖလားကို ဆွတ်ခူးထားသည်။

၎င်းသည် ဆီမီးဖိုင်နယ်တွင် ပြင်သစ်တင်းနစ်မယ် ဘော့ဆင်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဘော့ဆင်သည် ကွာတားဖိုင်နယ်တွင် ရုရှားဆယ်ကျော်သက်တင်းနစ်မယ် အန်ဒရေဗာကို ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသူ ဖြစ်သည်။

ပြင်သစ်အိုးပင်းဆီမီးဖိုင်နယ်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဆာဘယ်လင်ကာနှင့် ဆွီယာတက်ခ်တို့ တက်လှမ်းနိုင်ခဲ့သည်။ 

မိုးဇက် - စုစည်းသည်