ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ပခုံးဒဏ်ရာ ရရှိခဲ့တာကြောင့် မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ရှိ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ဧပြီ ၂၃ ရက်က စတုဂတ် အိုးပင်းတင်းနစ်ဆုဖလားကို ရယူနိုင်ခဲ့သူဖြစ်ပြီး အဲဒီတင်းနစ်ဆုဖလားဟာ ယခုနှစ်အတွင်းရရှိခဲ့တဲ့ လေးခုမြောက်ဆုဖလားလည်း ဖြစ်ပါတယ်။
ဆွီယာတက်ခ်ဟာ ယခုနှစ်အတွင်းမှာ စတုဂတ်၊ မိုင်ယာမီ၊ အင်ဒီယန်ဝဲလ်နဲ့ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲတို့မှာ ချန်ပီယံဆုဖလားတွေကို သိမ်းပိုက်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ပြင်သစ်အိုးပင်းနဲ့ အီတာလီယန်အိုးပင်းတင်းနစ်ပြိုင်ပွဲတို့မှာ တော့ ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
ဆီယာတက်ခ်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလားကို နှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ငွေကြယ်