မကွေး ၁၇ မေ  

မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီး မိုင်တိုင်အမှတ် (၃၄၇/ဝ)တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ရွှေမိတ်သစ်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

1


ယာဉ်တိုက်မှုမှာ မကွေးဘက်မှ ရေနံချောင်းဘက်သို့  MGY 5D/------ ရွှေမိတ်သစ် ခရီးသည်တင်မှန်လုံယာဉ်နှင့် ရေနံချောင်းဘက်မှ မကွေးဘက်သို့ ယာဉ်မောင်း ဦးဒီခန့်(၁၉)နှစ် အေးစေတီရပ် ချောက်မြို့ မောင်းနှင်သော MGY 1C/------- ရွှေမိတ်သစ်ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ 

 

1


အဆိုပါ ယာဉ်တိုက်မိမှုကြောင့်  MGY 5D/------ ယာဉ်ပေါ်မှ ခရီးသည် အမျိုးသားတစ်ဦး(စုံစမ်းဆဲ)နှင့် MGY 1C/-------ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး(စုံစမ်းဆဲ)တို့ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား  မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN

 

1