မကွေး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီးရှိ မကွေးဗဟိုအကျဉ်းထောင်မှ တရားခံ အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦးအားလည်းကောင်း၊ ပခုက္ကူအကျဉ်းထောင်မှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး တစ်ဦးအား လည်းကောင်း၊ သရက်အကျဉ်းထောင်မှ တရားခံ အမျိုးသား တစ်ဦးကိုလည်းကောင်း ဇူလိုင် ၂၂ ရက် တွင် အသီးသီးပြန်လွှတ်ပေးခဲ့သည်။

မကွေးအကျဉ်းထောင်၌ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ အတွင်းရေးမှူး  ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်၊ မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးတို့ကလည်းကောင်း၊ ပခုက္ကူအကျဉ်းထောင်၌ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကလည်းကောင်း၊ သရက်ခရိုင် အကျဉ်းထောင်၌ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လည်းကောင်း ပြန်လည်လွှတ်ပေးခဲ့သည့် တရားခံများအား ဆုံးမသြဝါဒများ ပြောကြားပြီး တရားခံများအား ၎င်းတို့၏ နေအိမ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)