မြို့သစ်  ၂၂  ဇန်နဝါရီ 

 

မကွေးခရိုင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့်  မြို့သစ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ အသက်(၆၀)နှစ် နှင့် အသက်(၆၀)ကျော် အဘိုးအဘွားများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ ရောက်တိုင်း အဘိုးအဘွားများ၏ ကျန်းမာရေးနှင့် ပတ်သက်သည်များကို စမ်းသပ်စစ်ဆေး ကုသ ပေးလျက်ရှိသည်။

 

2

 

မြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာမှ  အသက်(၆၀)ကျော် အဘိုးအဘွားများ၏ ကျန်းမာရေးအတွက် တိုင်းကျန်းမာရေး ဦးစီးဌာန၏  စီမံချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ကျန်းမာရေး ဆေးကုသမှုများကို မြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇော်မြင့် ၊ လက်ထောက် ဆရာဝန်နှင့် တာဝန်ကျ ဆရာ/ဆရာမများ ပူးပေါင်းကာ ကုသမှုပေးခြင်းဖြစ်သည်။

 

ဆေးကုသရာတွင်လည်း ဗုဒ္ဓဟူးနေ့ နံနက်(၈)နာရီမှ (၁၁)နာရီအထိ အဘိုးအဘွားများအား ဆေးကုသဆောင်တွင် သီးသန့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် သွေးပေါင်ချိန်ခြင်း၊ အဖျားတိုင်းတာခြင်း ၊ ဆီးချိုသွေးချိုလူနာရှင်များကို သွေးစစ်ဆေးခြင်းနှင့် အခြားကူးစက်နိုင်သည့် ရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ခြင်းများကို တာဝန်ကျဆရာဝန်နှင့် ဆရာ/ဆရာမများက တာဝန်ကျသည့်နေ့အလိုက် ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဇော်(မြို့သစ်)