မကွေး ဇွန် ၁၄
မကွေးခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ (၇၁)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များ ပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ရေးဆွဲပြီး အဆိုပါစီမံချက်လုပ်ငန်းများကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲကာ ဦးစီးဌာနမှ ငွေကျပ် သိန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ဆောင်ရွက်ပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် (၆)မြို့နယ်များတွင် အဆိုပြုကျေးရွာများ ရွေးချယ်လျက်ရှိကြောင်း သိရသည်။
ရည်ရည်မြ(ကျေးလက်)