မကွေး အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ မြိုပေါ်ရပ်ကွက်များအတွင်း ဆက်လက်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လူဦးရေနှင့် အိမ်အကြောင်းအရာများကို တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် (Tablet) ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် နည်းပညာရပ်များဖြင့် မေးခွန်း (၆၈)ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲအစည်းမေးခွန်းပုံစံများကို အသုံးပြု၍ စာရင်းကောက်ယူလျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို မကွေးခရိုင်အနေဖြင့် မြို့နယ်လေးမြို့နယ်တွင် ကောက်ကွက်ပေါင်း ၁၈၇၄ ကွက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ (၁၃၅)ဖွဲ့က အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နံနက် ၇ နာရီမှ ညနေ နာရီအထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကို(ဖန်ခါးမြေ)