မကွေး ၂၄ အောက်တိုဘာ
မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိတ်ကူးချိုချိုစာအုပ်တိုက်တို့ ပူးပေါင်းစီစဉ်မှုဖြင့် စာအုပ်ဈေးရောင်းပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်း အတွင်းတွင် အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
စာအုပ်ဈေးရောင်းပွဲကို မကွေးမြို့ရှိ စာပေချစ်သူ စာပေမြတ်နိုးသူ မိဘပြည်သူ ညီအကိုမောင်နှမ များအတွက် မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် ရန်ကုန်မြို့ စိတ်ကူးချိုချို စာအုပ် တိုက်မှ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ (၅) ရက်တိုင်တိုင် စာအုပ်များကို ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာအုပ်ဈေးရောင်းပွဲတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချီထားသည့် ပုံပြင်၊ဝတ္ထု နှင့်ဘာသာရေးဆိုင်ရာစာအုပ်များ၊စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အထောက်အကူပြုစာအုပ်များ၊ ကျန်းမာ ရေးနှင့်ဟင်းချက်နည်းစာအုပ်များ၊ကဗျာစာအုပ်များကို ဝယ်ယူသူမိဘပြည်သူများကို ကျေးဇူးတုန့်ပြန်သော အားဖြင့်(၁၀)ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


