မကွေး ၁၀ မေ
မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်းအရှေ့ဘက်၊ ကျောက်သားဥယျာဉ်အုတ်နံရံဘေး၊ အမှိုက်ပုံအနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က MA(အမ်မ်အေ)(၁၊ ၂၊ ၃၊ ၄)လက်နက်သုံး ကျည်ဆံ ၇၈၂ တောင့်အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆေးသုတ်နေ့စားအလုပ်သမားဖြစ်သူ မောင်ကိုဦးသည်ယနေ့နံနက်ပိုင်းက အလုပ်ဆောင်ရွက်နေစဉ် ကျည်ဆံများတွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဆင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ မကွေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး စိုးသိမ်းထွန်း နှင့် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ MA(အမ်မ်အေ)(၁၊ ၂၊ ၃၊ ၄) လက်နက်သုံး (၅.၅၆)ကျည်ဆံ ၇၈၂ တောင့်အား ပလတ်စတစ်အိတ်ကို ဆာလာအိတ်ဖြင့်ထည့်လျက် တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျည်ဆံများအား မြို့မရဲစခန်းတွင် မကွေးတပ်နယ်မှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီး ပြန်/ဆက်မှ သိရသည်။
MDN
