မကွေး   ၁၂   မေ

 

မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မကွေးမြို့ အောင်ချမ်းသာရပ်ကွက်၊ ရန်မျိုးအောင်ရပ်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)ATM ငွေထုတ်စက် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုသတင်းအရ မကွေးခရိုင်မီးသတ်တပ်ဖွဲ့ လ/ထ ညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုး ဦးစီးကာ မကွေးမြို့နယ်မီးသတ်စခန်းနှင့် မကွေးခွဲနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲဝင်များက အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးရေသယ်ယာဉ်(၁)စီး စုစုပေါင်း(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၇ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်(၁)ATM ငွေထုတ်စက်တွင် တပ်ဆင်ထားသော Air-Con Safe Guard အလုပ်မလုပ်ရာမှ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ 70 V Battery (၈)လုံး တန်ဖိုး ၈၀ဝ၀ဝ၊ Air-Con(၁)လုံး တန်ဖိုး ၁၀ဝ၀ဝ၀ နှင့် 220 V အင်ဗာတာ(၁)လုံး တန်ဖိုး ၃၀ဝ၀ဝ စုစုပေါင်းခန့်မှန်းတန်ဖိုး ၂၁၀ဝ၀ဝ ခန့် ဆုံးရှုံးလောင်ကျွမ်းကာ ကမ္ဘောဇဘဏ်(၁)၏ မန်နေဂျာအား မကွေးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)