မကွေး မေ ၁၄

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်တွင် မကွေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းကို မေ ၁၄ ရက် နံနက်ပိုင်းက မကွေးမြို့ မြသလွန်ဘုရား ရင်ပြင်တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းများ ဆောင်ရွက်ရာတွင် ရှေးဦးစွာ ဝန်ကြီးချုပ်က မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ် (၈၈)ခြေမြန် တပ်မဌာနချုပ်၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့်အတူ မကွေးမြို့ မြသလွန် ဘုရားရှိ မဟာအတုလရံသီ တန်ဆောင်းတွင် မကွေးမြို့ ဘုန်းတော်ကြီး ကျောင်း ၉၆ ကျောင်းရှိ သံဃာတော် ၁၆၁ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်း၊ လှူဖွယ် ပစ္စည်းများ ကပ်လှူခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး  မကွေးမြို့ မြသလွန် ဘုရားရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း 

အဆိုပါ ဆွမ်းဆန်စိမ်လောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်း အခမ်းအနားကို တက်ရောက်လာကြသူများနှင့် ဘုရားဖူးလာ ပြည်သူများအား မြန်မာ့ရိုးရာ မုန့်များဖြင့် စတုဒိသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ 

ကိုစည်သူ(မကွေး)