မကွေး ၂၉ ဧပြီ
မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက မကွေးမြို့ ၊ ရပ်ကွက်(၄)ခုမှ ဝင်ငွေနည်း မိသားစု ၆၃၅ စုအတွက် စားသောက်ကုန်လှူဒါန်းမှုများကို ယနေ့ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့ပေါ်ရှိ အောင်ရတနာရပ်ကွက်မှ အိမ်ထောင်စု ၁၀ဝ၊ အောင်ချမ်းသာရပ်ကွက်မှ အိမ်ထောင်စု ၁၀ဝ၊ အောင်မေတ္တောရပ်ကွက်မှ မှအိမ်ထောင် စု ၃၀ဝ၊ အောင်မင်္ဂလာရပ်ကွက် အိမ်ထောင်စု မှ ၁၃၅ ၊ စုစုပေါင်း အိမ် ထောင်စု ၆၃၅ စုတို့ထံ အိမ်တိုင်ရာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
" ကိုဗစ်ကာလမှာ ဝင်ငွေနည်း မိသားစုတွေ အခက်အခဲဖြစ်နေမှာပဲဆိုပြီး အသင်းက စုစည်း လှူဒါန်းဖြစ်တာပါ။ နောက်လည်း ဒီလို လိုအပ်နေတဲ့မိသားစုတွေကို ဆက်လှူဦးမှာပါ '' ဟု မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။
အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၆၁၀ဝ တန်ဖိုးရှိ ဆန် တစ်ပြည် ၊ ဆီ ၅၀ ကျပ်သား ၊ ကုလားပဲ ၇၀ ကျပ်သား ၊ ပဲထော ပတ် ၅၀ ကျပ်သား ၊ ကြက်သွန်နီ ၅၀ ကျပ်ငါး နှင့် ဆပ်ပြာတစ်ထုတ် တို့ကို လှူဒါန်းပေးခဲ့ပြီး လှူဒါန်းမှုတန်ဖိုးမှာ ငွေကျပ် ၃၈၇၃၅၀ဝ ဖြစ်သည်။
ဇေယျတု(မကွေး)


