မကွေး      ဧပြီ      ၃၀

 

မကွေးမြို့ သန့်ရှင်းသာယာလှပရေးအတွက် မကွေးမြို့ အောင်ရတနာရပ်ကွက် သုခိတာလမ်း တစ်လျှောက် စုပေါင်းသန့်ရှင်းရေးကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အားပေးကြည့်ရှုခဲ့သည်။

 

မကွေးမြို့ အောင်ရတနာရပ်ကွက်၊ သုခိတာလမ်းမှ တောင်တွင်းလမ်းအထိ သုခိတာလမ်း တစ်လျှောက်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လမ်းဘေး ဝဲ/ယာရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ အမှိုက်သရိုက်မျာအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမှတ်(၈၈) ခြေမြန်တပ်မဌာချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျာ်ဟန်နှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြသည်။

ကိုစည်သူ(မကွေး)